သင်၏ စီးပွားရေးလုပ်ငန်း ကို cloud ပေါ်သို့ မပြောင်းရွှေ့ခင် သိထားသင့်သည့် အချက် ၄ ချက်

Cloud ပေါ်သို့ ပြောင်းရွှေ့ခြင်းဟာ နည်းပညာအသစ် တွေကို လက်ခံခြင်းမဟုတ်ပါ။ သင်၏ စီးပွားရေးလုပ်ငန်းကို အသွင်ပြောင်းလဲ ခြင်းသာ ဖြစ်သည်။

စီးပွားရေးလုပ်ငန်းကြီးများသည် မိမိစီးပွားရေး အားသာချက်များရရှိလာစေရန် နည်းပညာ ဆိုင်ရာများအတွက် ငွေကြေးအမြောက်အများကို အသုံးပြုလာကြသည်။ သီတင်း အချက်အလက်ပေါင်းများစွာကို လေ့လာသုံးသပ်ခြင်း၊ စုဆောင်းခြင်း၊ ခေတ်မှီ ဆန်းပြားသော နည်းစနစ်များအသုံးပြုခြင်း၊ အကြံပေး ပညာရှင်များ ခန့်အပ်ခြင်းများပြုလုပ်လာကြသည်။ ထို့အတွက်ကြောင့် အနာဂတ် ဈေးကွက် အလားအလာကောင်းများကို ပိုမို သိမြင်နိုင်ပြီး လုပ်ငန်းဆောင်တာများကို အလိုလျောက် လုပ်ဆောင်နိုင်စေခြင်းနှင့် ဆုံးဖြတ်ခက် ကောင်းများကို ပိုမို ထိရောက်စွာ ချနိုင်ခြင်း စသည် တို့ကို လုပ်ဆောင်နိုင်စေသည်။

ယနေ့ခေတ်တွင် ကမ္ဘာ့အဆင့် ထိပ်တန်း နည်းပညာများကို အသုံးပြုရန် ရင်းနှီးမြှုပ်နှံမှုများစွာ ကုန်ကျခံရန် မလိုအပ်တော့ပါ။ မည်သူမဆို စိတ်ကူးကောင်းများ ရှိလျင် မိမိနေအိမ် မီးဖိုချောင်မှပင်လျင် သင့်တင့်သော အင်တာနက်မြန်နှုံးဖြင့် ကမ္ဘာ့အဆင့် ထိပ်တန်း နည်းပညာများကို အသုံးချနိုင်ပြီ ဖြစ်သည်။ နည်းပညာဟာ အရာအားလုံးကို ပြောင်လဲနိုင်ခဲ့ပြီဖြစ်သည်။

အဖွဲ့အစည်းကြီးများသည် နှစ်ပေါင်းများစွာ သုံးစွဲလာခဲ့သော နည်းပညာ စနစ်ဟောင်းများထက် Cloud computing သည် ကုန်ကျစရိတ် နည်းရုံသာမက စွမ်းဆောင်ရည် အသစ်များဖြစ်လာကြသည့် Blockchain, IOT (The Internet of Things) နှင့် AI (Artificial Intelligence) စသည်တို့နှင့် ပေါင်းစပ်ရာတွင် လွယ်ကူခြင်း၊ လိုက်လျောညီထွေရှိခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း တို့ကို ပေးစွမ်းနိုင်သည်ကို သတိထားစရာအချက်ဖြစ်လာသည်။

ထို့အတူ မိမိ လက်ရှိ စီးပွားရေး ကို Cloud ပေါ်သို့ ပြောင်းလဲ ရာတွင်လည်း စိန်ခေါ်မှုများစွာရှိသည့် အတွက် နည်းမှန် လမ်းမှန် ဖြစ်စေရန် သိရှိရန်လိုအပ်သည့် အောက်ပါ အချက်အလက်များ ကို ဆွေးနွေး တင်ပြလိုက်ပါသည်။

 

  1. Be Clear About What You Expect to Achieve. မိမိ မျော်လင့်ထားသည့် အောင်မြင်မှုကို ရှင်းလင်းစွာ သိရှိရမည်

မိမိ စီးပွားရေးလုပ်ငန်းကို Cloud ပေါ်သို့ ပြောင်းလဲခြင်းသည် သာမာန် နည်းပညာဆိုင်ရာ ဆုံးဖြတ်ချက် မဟုတ်ပါ။ မိမိ စီးပွားရေးတစ်ခုလုံးနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်ဖြစ်သည်။ အစောပိုင်း ကာလများတွင် Cloud ကို ကုန်ကျစရိတ် သက်သာစေရန် အဓိက အသုံးပြုခဲ့ကြသော်လည်း ယခုအခါ ပိုမို မြန်ဆန်မှု၊ ပိုမို သာလွန်သော စွမ်းဆောင်ရည်များနှင့် လုပ်ဆောင်ချက်များ ရရှိအတွက် အသုံးပြုလာကြသည်။ ဒါကြောင့်သင်က သင့်ရဲ့စီးပွားရေးလုပ်ငန်းကို  ပြောင်းလဲရန် မျော်လင့်ထားမည့် ပုံစံကို သိရှိရန် အလွန် အရေးကြီးကြောင်း IBM Cloud Platform ၏ VP နှင့် CTO ဖြစ်သူက ပြောကြားခဲ့သည်။

သင့်အနေနှင့် Cloud ပေါ်သို့ ပြောင်းလဲစေ ရန် တွန်းအားပေးနေသည့် အချက်များကို ရှင်းလင်း ပြတ်သားစွာ သိရှိနေစေရန် လိုအပ်သည်။ သို့မှာသာ သင်၏ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိမှု အခြေအနေကို မှန်ကန်စွာ ဆန်းစစ် နိုင်လိမ့်မည်ဟု Virtustream ရဲ့ Vice President ဖြစ်သူ Deepak Patil ကပြောခဲ့သည်။

Cloud ကို ချည်းကပ်ရာတွင် CRM ကဲ့သို့သော စနစ်သစ်တစ်ခုကို အသုံးပြုမည့် ပုံစံမျိုးဖြင့် မချည်းကပ်သင့်ပေ။ မိမိ၏ စီးပွားရေးစနစ် တစ်ခုလုံး ပြောင်းလဲ သွားစေရန် ပုံစံမျိုးဖြင့် ချည်းကပ်သင့်သည်။ ထို့အတွက်ကြောင့် နည်းပညာ ဆိုင်ရာ ဌာနတစ်ခုတည်း၏ ပူးပေါင်းပါဝင်မှုကို မယူဘဲ အားလုံးသော ဌာနများ၏ ပူးပေါင်းပါဝင်မှုကို ရယူသင့်သည်။

ပိုမို မြန်ဆန်ပြီး၊ လိုက်လျောညီထွေ ရှိစေမယ့်နည်းပညာများနဲ့ စားသုံးသူများကို ဘယ်လို ပိုမိုကောင်းမွန်အောင် ၀န်ဆောင်မှုပေးမလဲ။ AI ကဲ့သို့သော နည်း ပညာတွေက မိမိ စိးပွားရေးလုပ်ငန်းကို ဘယ် လို အထောက်အကူ ပြုနိုင်သလဲ။ စသည်ဖြင့် မေးခွန်းများကို မိမိ ကိုယ်ကို မေးမြန်းခြင်းဖြင့် စတင်သင့်သည်။

 

  1. Choose Technology That Fits Your Needs. သင့်လျော်မည့် နည်းပညာကို ရွှေးချယ်ပါ။

အများစု မှားကြတာက Cloud ဆိုတာနဲ့ အစိုင်အခဲကြီးတစ်ခုလို မြင်ကြတာပါဘဲ။ တကယ်တမ်းက ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့ hardware, software နဲ့ စွမ်းဆောင်နိုင်မှုများ စသည့် မြောက်မြားစွာသော အချက်အလက်တွေ ပေါင်းစပ် ပါဝင်နေတယ် ဆိုတာပါဘဲ။ စီးပွားရေးလုပ်ငန်းတိုင်း  Cloud ကို ကိုယ်ပိုင် ချည်းကပ်တဲ့ နည်းလမ်းတွေ ရှိနေရပါမယ်။

အများစု မှားကြတာက Cloud ၀န်ဆောင်မှုပေးတဲ့ အဖွဲ့ တစ်ခုတည်းက အလုံးစုံ ၀န်ဆောင်မှု ရယူခြင်းဖြစ်ပါတယ်လို့ Virtustream က Patil က ပြောသည်။ Cloud ၀န်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတိုင်း မတူညီတဲ့ အားသာချက် တွေရှိကြတယ်။ အကောင်းဆုံးကတော့ မတူညီတဲ့ အဖွဲ့အစည်းများရဲ့ အားသာချက်များကို သင့်တင့်တဲ့ အချိန်အတိုင်းအတာတစ်ခုအထိ နားလည်အောင် ပြုလုပ်ပြီးမှ ပေါင်းစပ်မှုများကို ချောချောမွေ့မွေ့ ဖြစ်အောင် ပြုလုပ်သင့်ပါသည်။

Cloudနည်းပညာကို ပိုမို စိတ်ဝင်စားဖွယ် ဖြစ်လာစေရန် အရေးကြီးဆုံးမှာ  စွမ်းဆောင် နိုင်မှု အချက်များ အားလုံးကို ပေါင်းစပ်ခြင်း ဖြစ်သည်။ သိမ်းဆည်းထားသည့် စားသုံးသူများ၏ သီတင်းအချက်အလက်များကို AI နည်းပညာများ အသုံးပြု၍၊ လေ့လာ စမ်းစစ်ခြင်း၊ ရရှိလာသည့် အချက်အလက်များကို CRM ပရိုဂရမ်များတွင် ထည့်သွင်း အသုံး ပြုခြင်းဖြင့် ဆုံးဖြတ်ချက်များ ပိုမို ကောင်းမွန် ပီပြင်လာစေပါသည်။ မည်သည့်အရာမှ သူ့အလိုလိုတော့ ဖြစ်မလာပေ။

ဤ Cloud သည် တခြား Cloud များ နှင့် အဆင်ပြေပြေ ရှိနိုင် မရှိနိုင်ကို အရင် မေးခွန်းထုတ်သင့်သည် ဟု ကုမ္ပဏီ ပေါင်း ၁၀၀၀ လောက်ကို Cloud သို့ ကူးပြောင်းသွားအောင် ကူညီပေးခဲ့သော Stone Door Group မှ Darren Hoch ပြောသည်။ အောင်မြင်သော ခြေလှမ်းကောင်းများ စတင်နိုင်ရန် ကောင်းမွန်သော စီမံကိန်းရေးများ ရှိနေရမည်။ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ကောင်းမွန်သည့် စနစ်များသည် မူလက Cloud ပေါ်တွင် အလုပ်လုပ်ရန် စဉ်းစားခဲ့လိမ့်မည် မဟုတ်ပေ။

 

  1. Shift Not Only Your Technology, But Your Business Model. နည်းပညာသာမက စီးပွားရေးစနစ် ပုံစံကိုပါ ပြောင်းလဲပြစ်ပါ

Cloud သို့ ပြောင်းလဲခြင်းဖြင့် လက်ရှိ အလုပ်များများ ကို ပိုမို မြန်ဆန် သွက်လက်သွားစေနိုင်သည်။ စီးပွားရေးပုံစံသစ်များ ဖန်တီးနိုင်ခြင်းနှင့် အခွင်းအလမ်း အသစ်များ ပေါ်ထွန်းလာရန် များစွာ အလားအလာ ရှိသည်။ ဥပမာအနေဖြင့် Experian ကုမ္ပဏီ ၏ credit bureau တွင် နှစ်ပေါင်းများစွာ ရင်ဆိုင်နေရသော အခက်အခဲများကို Cloud နည်းပညာက ကူညီဖြေရှင်း နိုင်ခဲ့သည်။

ကားတစ်စီး ၀ယ်ရန် ချေးငွေရယူဖို့ လျောက်ထား နေသည့် အခြေ အနေကို စဉ်းစားကြည့်ပါ။ ရောင်းချသူ ၏ စားပွဲတွင် စာရွ့က်စာတမ်း အနည်းငယ်ကို ဖြည့်စွက်ပြီး ခွင့်ြ့ပုချက်ကို မိနစ် အနည်းငယ်အတွင်း ရရှိရန် စောင့်စားနေနိုင်သည်။ အဘယ်ကြောင့်ဆိုသော ရက်ပေါင်း ၃၀ မှ ၆၀ လောက် ကြာနိုင်သည့် သမရိုးကြ တွက်ချက်မှု နည်းစနစ်များက Cloud နည်းပညာ၏ မြန်ဆန်မှုကို မမှီနိင်ပေ။

လောကကြီးတွင် ပြောင်းလဲမှုများသည် အမြဲတမ်း ဖြစ်ပျက်နေသည်။ လူများအလုပ်လက်မဲ့ဖြစ်ကြသည်။ စက်ရုံများပိတ် ကြရသည်။ အခြားလုပ်ငန်း သစ်များ စတင်ကြသည်။ ထိုသို့များပြားသည့် အခြေအနေများတွင် အကြွေးရယူခွင့် ကို ရယူနိုင်ရန် ရက် ၃၀ မှ ၆၀ လောက် အချိန်ယူ ရနိုင်သည်။ သို့သော်ငြားလည်း Experian သည် Cloud သို့ ပြောင်းလဲပြီးနောက် Ascend အမည်ရှိ “data on demand” platform  ကို ဖန်တီးနိုင်ခဲ့ပြီး လက်ရှိ ပကတိ ဖြစ်ပေါ်နေသော အချက်အလက်များကို အခြေခံကာ စားသုံးသူများကို ချေးငွေ ပေးသင့် မပေးသင့် စသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့သည်။

စမ်းသပ်မှုများများ ရရှိစေနိုင်သော Cloud နည်းပညာ ၏ လိုက်လျောညီထွေ ရှိစေမှုများသည် အခွင့်အလမ်း အသစ် တံခါးများကို ဖွင့်နိုင်သော အဓိက သော့ချက်များဖြစ်သည်ဟု Experian’s Advanced Technology Group မှ SVP ဖြစ်သူ Vijay Mehta က ပြောသည်။ သူက ပြောကြားရာတွင် “ကျွန်တောတို့တွေ့ရှိတာကတော့ ကျွန်တော်တို့ထင်ထားတာထက် ပိုမို မြန်ဆန် စွာ နည်းပညာ အသစ်တွေကို စမ်းသပ်နိုင်ပြီး လက်ရှိကျင့်သုံးနေတဲ့နည်းလမ်းတွေကို ပိုမို ကောင်းမွန်အောင် ဖန်တီးနိုင် ခြင်းဖြစ်သည်။“  အချက်အလက်များကို သာမာန် စနစ်များမှ Cloud ပေါ်သို့ ရွေ့နိုင်ခဲ့ခြင်းဖြင့် ကျွန်တော်တို့ လွတ်မြောက် နိုင်ခဲ့သည်။

 

  1. Moving to the Cloud Isn’t Just About Technology, But People Too. Cloud ပေါ်သို့ရွေ့ပြောင်းခြင်းသည် နည်းပညာသာမက လူများလဲ ပါဝင်ရမည်

Cloud နဲ့ပတ်သက်ပြီး နားလည်ဖို့ အရေးကြီးဆုံး အချက်မှာ ပြောင်းလဲမှုသည် နည်းပညာ သက်သက်မဟုတ်ဘဲ ဒီထက် သာလွန်သည့် အချက်ဖြစ်သည်။ Cloud ကို အသုံးပြုပြီး သင် ၏ ၀န်ထမ်းများကို မူလ ဖွဲ့စည်း မှု ပုံစံအတိုင်း ကျင့်သုံး ၍ Cloud ၏ အကျိုးခံစားခွင့်များကို ရရှိနေလိမ့်မည် မဟုတ်ပေ။ သင့် ၏ စီမံ အုပ်ချုပ်မှု ပုံစံများပါ ပြောင်းလဲ ပြစ်ရမည်ဟု IBM မှ Jason McGee က ပြောကြားခဲ့သည်။

Cloud သို့ရွေ့ပြောင်းခြင်း ၏ အားသာချက် တစ်ခုမှာ ၀န်ထမ်းများ ၏ လူသားအရင်းအမြစ် ကို အသုံးချနိုင်ခြင်းဖြစ်သည်။ လက်ရှိတွင် လည်ပတ်နေသည့် လုပ်ငန်းကို ထိန်းသိမ်းနေသည့် ပုံစံမှ စားသုံးသူများအတွက် ဖြစ်ပေါ်နေသော အခက်အခဲများကို ဖြေရှင်းနေသည့် ပုံစံသို့ စဉ်းစားတွေခေါ်မှုများကို ပြောင်းလဲနိုင်စေသည်။ အဲဒါဟာ  ပိုမို တန်ဖိုးရှိတဲ့ အရာတွေကို ဖန်တီးရုံမျှမက လုပ်ငန်းခွင်ကို ပိုမို စိတ်ဝင်စားမှုများ စိတ်ကျေနှပ်မှုများပါ ရလာစေသည် ဟု Experian မှ Mehta က ပြောကြားခဲ့သည်။

သိသာထင်ရှားသော နည်းပညာများသည် ပိုမိုကောင်းမွန်သည့် တန်ဖိုးများကို ဖန်တီးရုံမျှမက တန်ဖိုးများကို လည်း တစ်နေရာမှ တစ်နေရာ သို့ ပြောင်းလဲနိုင်စွမ်းရှိသည်။ ၎င်းအချက်များတွင် အချက်အလက် နှင့် software များကို ကိုယ်ပိုင် server များမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းခြင်းလဲ ပါဝင်သည်။ သင် ၏  စားသုံးသူ၊ မိတ်ဖက် အဖွဲ့အစည်းများ၊ ၀န်ထမ်းများ အတွက် ပိုမိုကောင်းမွန် တန်ဖိုးရှိသော အရာများကို ဖန်တန်းနိုင်မည့် အခွင်းအရေးများ ပိုမို ရရှိလာနိုင်သည်ကို သေသေချာချာ ရှင်းလင်းစွာ တွေးတော ကြံဆထားရမည်။

အရာခပ်သိမ်းကို ပိုမို လှုပ်ခပ်သွားနိုင်သည့် နည်းပညာတစ်ခုသည် Cloud နည်းပညာ ပင်ဖြစ်သည်။ Cloud သည် သီတင်း အချက်အလက်တွေကို စီမံခန့်ခွဲနေခြင်းမဟုတ်ပေ။ သင်၏  စီးပွားရေးလုပ်ငန်းကို စီမံခန့်ခွဲနေခြင်းပင် ဖြစ်ပေတော့သည်။

Source: https://bit.ly/2Ovn6Mw